အမေရိကန်-တရုတ် ကုန်သွယ်ရေး  သဘောတူညီချက်၏ အကျိုးသက်ရောက်မှု ဂျပန်စောင့်ကြည့်မည်

၁၆ ဒီဇင်ဘာ

 

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးအငြင်းပွားမှုတွင် နောက်ထပ်ဖြစ်ပေါ်လာမည့် စီးပွားရေးတိုးတက်မှုများကို အနီးကပ်စောင့်ကြည်သွားမည်ဖြစ်ကြောင်း အဓိကနိုင်ငံနှစ်ခု၏ စီးပွားရေးအကြား အဆင့်တစ်ကုန်သွယ်ရေးသဘောတူညီချက်ကို ဖြစ်နိုင်ခြေရှိကြောင်း သက်ရောက်မှုများလည်းရှိနိုင်ကြောင်း ဂျပန်က ပြောကြားခဲ့သည်။  

 

တရုတ်နိုင်ငံက သဘောတူညီချက်ထုတ်ပြန်ပြီး သုံးရက်အကြာ  ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟိုင် ဆူဂါက သတင်းထောက်များကို ယနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဂျပန်အစိုးရအနေဖြင့် သဘောတူညီမှုကိုအပြုသဘောဖြင့်ရှုမြင်ပြီး၊ အမေရိကန်ပြည်ထောင်စုနှင့်  တရုတ်နိုင်ငံတို့သည်ဆွေးနွေးမှုများမှ တစ်ဆင့်ကုန်သွယ်ရေး အငြင်းပွားမှုကို အပြုသဘောဖြင့် ဆက်လက်ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆူဂါက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်