အမေရိကန်-ဂျပန် ကြားဖြတ်ဒုံးကျည်စမ်းသပ်မှု အောင်မြင်

 

တာလတ်တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ကြားဖြတ်တိုက်လေယာဉ်တစ်စင်းဖြင့် ဟန့်တားသည့် စမ်းသပ်မှုတစ်ခုမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။

ကြားဖြတ်ဒုံးကျည်ကို ဟာဝိုင်အီ၊ Kauai ကျွန်းရှိ Aegis Ashore စမ်းသပ်နယ်မြေမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး  လေယာဉ်တစ်စင်းမှ ပစ်ခတ်လိုက်သည့် ပစ်မှတ်ဒုံးကျည်ကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုံးကျည် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ဂျပန်နိုင်ငံနှင့်အတူ  ၂၀၀၆ခုနှစ်မှစ၍ Standard Missile-3 Block IIA ကြား ဖြတ်ဒုံးကျည်ကို တီထွင်လျက်ရှိသည်။ လက်ရှိပဲ့ထိန်းဖျက်သင်္ဘောများပေါ်ရှိ SM-3 ကြားဖြတ် တိုက်လေယာဉ်များနှင့် နှိုင်းယှည်ကြည့်ပါက အသစ်စမ်းသပ်လိုက်သော ကြားဖြတ်လေယာဉ်များက အဝေးသို့ ပိုမိုပျံသန်းနိုင်မည်ဟု မျှော်လင့်ရသည်။

ယခုအဆင့်မြင့် ကြားဖြတ်ဒုံးကျည် စမ်းသပ်မှုသည် ၅ ကြိမ်မြောက် စမ်းသပ်ခြင်းဖြစ်ကြောင်း၊ စမ်းသပ်မှုသုံးကြိမ်မှာ အောင်မြင်ခဲ့ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံက ယင်းမြေပေါ်တွင် Aegis Ashore ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ရန် စီစဉ်လျက်ရှိသည်။

အမေရိကန်ဒေါ်လာ ၅၆၁ သန်းတန်ဖိုးရှိ SM-3 Block IIA ကြားဖြတ်တိုက်လေယာဉ် ၁၃ စင်းအပါအဝင် ဂျပန်နိုင်ငံသို့ ဒုံးကျည် ၂၁ စင်းကို ရောင်းချမည့် အစီအစဉ်တစ်ခုကို အမေရိကန်နိုင်ငံက ပြီးခဲ့သည့်လအတွင်း အတည်ပြုခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်