အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက TikTok ကုမ္ပဏီအား အမေရိကန်ပိုင် ကုမ္ပဏီတစ်ခုအဖြစ် ပြန်လည်ရောင်းချရန် စဉ်းစားချိန် သီတင်းတစ်ပတ် တိုးပေး

၂၆ နိုဝင်ဘာ

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက TikTok ကုမ္ပဏီကို အမေရိကန် ရင်းနှီးမြုပ်နှံသူပိုင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ်သို့ ပြန်လည်ရောင်းချရန် စဉ်းစားချိန် သီတင်းတစ်ပတ်  တိုးပေးလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ 

အမေရိကန်နိုင်ငံတွင် တရုတ်နည်းပညာကုမ္ပဏီ ByteDance ပိုင် TikTok အက်ပလီကေးရှင်းကို အသုံးပြုသူ သန်း ၁၀၀ နီးပါး ရှိနေပြီး အမေရိကန်အစိုးရက TikTok အက်ပလီကေးရှင်းဟာ အမေရိကန် ရင်းနှီးမြုပ်နှံသူပိုင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ်လိုလားကြောင်း၊ အဲဒီလို မဟုတ်ခဲ့ရင် အမေရိကန်နိုင်ငံမှာ အသုံးပြုခွင့် မပြုနိုင်ကြောင်း ပြောဆိုထားပါတယ်။ 

တရုတ်နည်းပညာကုမ္ပဏီအား မူလက နိုဝင်ဘာ ၂၇ ရက်အထိ နောက်ဆုံးအချိန်ပေးထားပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ နောက်ထပ် သီတင်းတစ်ပတ် တိုးပေးလိုက်ပြီး ဒီဇင်ဘာ ၄ ရက်နေ့ဟာ ByteDance ကုမ္ပဏီဘက်က အကြောင်းပြန်ရမယ့် နောက်ဆုံးအချိန်ဖြစ်ပါတယ်။ 

သမ္မတထရမ့်ရဲ့ အစိုးရက နိုင်ငံရဲ့ လုံခြုံရေးအတွက်ဖြစ်ကြောင်း၊ တရုတ်နည်းပညာကုမ္ပဏီကနေ တရုတ်အစိုးရအတွက် သူလျှိုအဖြစ် လုပ်ဆောင်ပေးနိုင်တာကြောင့် အခုလို အမေရိကန်စီပွားရေး ကုမ္ပဏီအား ပြန်လည်ရောင်းချရန် ပြောဆိုနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောထားပါတယ်။ 

MDN
ကိုးကား - AFP