အမေဇုန်ကုမ္ပဏီဝန်ထမ်း ၂ဝဝဝဝ နီးပါး ကိုဗစ်-၁၉ ကူးစက်ခံရ

ဆန်ဖရန်စစ္စကို ၃  အောက်တိုဘာ

အွန်လိုင်းအခြေပြု ကုန်သွယ်မှုဆိုင်ရာ အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်သော အမေဇုန်က မတ်လ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကတည်းက ၎င်း၏ ဝန်ထမ်းပေါင်း ၁၉၈၀၀ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း အောက်တိုဘာ ၁ ရက်က ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုရှိ ငိုဖူးဒ်မားကတ်ကုန်စိမ်း စတိုးဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူဝန်ထမ်းများ အပါအဝင် အမေဇုန်ကုမ္ပဏီ၏ ရှေ့တန်းတွင်အလုပ်လုပ်ကိုင်နေသူ အလုပ်သမားပေါင်း ၁ ဒသမ ၃၇ သန်း၏ သတင်းအချက်အလက်များက ဖော်ပြနေသည်မှာ ကိုဗစ်-၁၉ ကာလတွင် ဝန်ထမ်းများ မျှော်မှန်းထားသည်ထက် ကိုဗစ် - ၁၉ ကူးစက်မှုနှုန်း နည်းနေသေးသည့်အချက်ပင်ဖြစ်သည်ဟု အမေဇုန်ကုမ္ပဏီက ပြောကြားလိုက်သည်။

ကုမ္ပဏီ၏ စာရင်းပိုင်းဆိုင်ရာဌာနများတွင် အလုပ်လုပ်ကိုင်နေသော အချို့ဝန်ထမ်းများက ၎င်းတို့ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်တားဆီးရန် ကုမ္ပဏီ၏ ဆောင်ရွက်ချက်များအပေါ်ဝေဖန်ထားကြသကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် ဝန်ထမ်းများ၏ သတင်းအချက်အလက်များကို ဝေမျှရန် ပေါ့လျော့သည့်အပေါ်လည်း ဝေဖန်ထားကြသည်။

အမေဇုန်ကုမ္ပဏီကြီး၏ အလုပ်ဌာနပေါင်း ၆၅၀ တွင် ကိုဗစ် - ၁၉ စစ်ဆေးမှုပေါင်း တစ်နေ့လျှင် ၅၀၀၀၀ စမ်းသပ်လျက်ရှိကြောင်း ဆီယက်တယ်အခြေစိုက် ယင်းကုမ္ပဏီက ပြောကြားသည်။

ကိုဗစ်-၁၉ စတင်ကူးစက်ပျံ့နှံ့ချိန်ကတည်းက မိမိတို့အနေဖြင့် မိမိတို့၏အလုပ်သမားများကို စဉ်ဆက်မပြတ် အသိပေးလျက်ရှိကြောင်းနှင့် ဝန်ထမ်းအသိုင်းအဝိုင်းများအကြား ကိုဗစ်-၁၉ ကူးစက်မှုအသစ်များကိုလည်း အသိပေးလျက်ရှိကြောင်း အမေဇုန်က ရှေ့တန်းအလုပ်သမားများကြား ကိုဗစ်-၁၉ ကူးစက်မှုဆိုင်ရာ ဘလော့တစ်ခုတွင် ပြောကြားထားသည်။

အမေဇုန်နှင့် ဦးဖူးဒ်အလုပ်သမားများကြား ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် အမေရိကန်၏ ပျမ်းမျှလူဦးရေနှင့် တူညီသွားမည်ဆိုပါက ကိုဗစ်-၁၉ ကူးစက်မှုသည် ၃၃၀၀၀ အထိ ရောက်ရှိလာနိုင်ကြောင်း အမေဇုန်ကုမ္ပဏီက ပြောကြားသည်။

အေအက်ဖ်ပီ