အမာမြို့နယ်တွင် ယာဉ်မောင်းလိုင်စင်နှင့်ယာဉ်သက်တန်းတိုးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

အမာ ၂၃   စက်တင်ဘာ

 

ဖျာပုံခရိုင်  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု့ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ အမာမြို့နယ်အတွင်းရှိ အမာမြို့ရပ်ကွက်လေးခုနှင့် ဒေါ်ညိမ်းကျေးရွာအုပ်စုများသို့ ပြည်သူများ လွယ်ကူအဆင်ပြေစွာယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်များပြုလုပ်နိုင်ရန်အတွက်ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့သည်။

 

၅

 

ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု့ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူသူထွန်းနှင့်အဖွဲ့သည် တိလောက အောင်တော်မူ သာသနဗိမာန်အတွင်း၌ အမာမြို့ရပ်ကွက်လေးခုအတွင်း နေထိုင်ကြသူများ၏ မော်တော်ယာဉ်များအတွက် လိုင်စင်နှင့်သက်တမ်းတိုးခြင်းများ၊ ယာဉ်မောင်းလိုင်စင်များကို ပြုလုပ်ပေးခဲ့သည်။

 

အလားတူ အမာမြို့နယ်ဒေါ်ညိမ်းကျေးရွာအုပ်စု သရက်ပင်ဆိပ်ကျေးရွာရှိသာသနရိပ်သာအတွင်း ဒေါ်ညိမ်းကျေးရွာအုပ်စုကျေးရွာခွဲများတွင် နေထိုင်သောပြည်သူများအတွက် ယာဉ် မောင်းလိုင်စင်နှင့် ယာဉ်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းမြင့်အောင်(ပြန်ဆက်)