အများကြီး ကြိုးစားသွားမှာပါ၊ အမှားလုပ်မိရင်လည်း ခွင့်လွှတ်ပါ

ရန်ကုန် ၁၃ မတ်

 

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ရွှေကြိုအစား အကူမောင်မယ်များအဖြစ် အနုပညာရှင်များ၏ ရင်သွေးများက ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့ဖြစ်ရာ ယခုနှစ်အတွက် ကူညီဆောင်ရွက် ပေးသွားကြမည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်း၏ မြေး၊ အကယ်ဒမီ မင်းမော်ကွန်း၏ သမီးဖြစ်သူ လေပြည်သွေး၏ ရင်ခုန်စကားသံများကို မေးမြန်းခဲ့ရာ-

 

“ညီမ ဒီနှစ် အကယ်ဒမီပေးပွဲမှာ အခုလိုမျိုး ကူညီပေးခွင့်ရတော့ စိတ်လှုပ်ရှားပါတယ်၊ ပထမဆုံးလည်း ဖြစ်တဲ့အတွက် ပိုပြီးရင်ခုန်ပါတယ်၊ ညီမနဲ့အတူတူ ကူညီကြမယ့်သူတွေ တော်တော်များများကလည်း ခင်မင် ရင်းနှီးပြီးသားဆိုတော့ လုပ်ရတာ ပိုပြီး အဆင်ပြေပါတယ်၊ ပျော်လည်း ပျော်ပါတယ်၊ ပြင်ဆင်မှုတွေ အနေနဲ့ကတော့ ဘိုးဘိုးတို့၊ ဖေဖေတို့က ဘယ်လိုလေးလုပ်ဆိုပြီး သင်ပေးပါတယ်၊ ဖေဖေကလည်း ချော်မလဲအောင် သတိထားဖို့ပဲ ပြောပါတယ်၊ ညီမက ဖိနပ်အမြင့်တွေ စီးနေကျ မဟုတ်တော့ စိုးရိမ်စိတ် ဖြစ်မိပါတယ်၊ ဒါပေမယ့် အများကြီး ကြိုးစားသွားမှာပါ၊ ညီမအမှားလုပ်မိရင်လည်း ခွင့်လွှတ်ပါလို့၊ ဖေဖေတို့၊ ဘိုးဘိုးတို့ကို အားပေးသလိုပဲ ညီမကိုလည်း အားပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။ 

 

MDN