အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရွှေကျင်  ၂၅ ဇွန်

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးကျင်းပသော အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ဇွန်၂၅ ရက် နေ့လယ်  ၁ နာရီက ကျင်းပသည်။

ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအဖြစ် ရွှေကျင်မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားလေးများက ကျောင်းသားနှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ စာစီစာကုံးပြိုင်ပွဲသို့ ကျောင်းသားကျောင်းသူ (၁၈) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု ဒုတိယဆု တတိယဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများကို ရွှေကျင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်း(သာထက်အောင်)နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)