အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်းရုံး ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ၃ နိုဝင်ဘာ

 

မိတ္ထီလာမြို့နယ်၌ အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်းရုံးဖွင့်ပွဲကို နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီက ပေါက်ချောင်းရပ်ကွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦစီးဌာန ရုံးဝန်အတွင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်းနှင့် ကျွမ်းကျင်သူများအဖွဲ့ခေါင်းဆောင် Mr. Yasu Hiromi တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရုံးဆိုင်းဘုတ်ကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ရုံးအဆောက်အဦးအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၅)နှစ်အတွင်း မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ မယ်ညိုတောင်ကြိုးဝိုင်း စိမ်းလန်းစိုပြည်ရေးနှင့်  အကျိုးပြုကျေးရွာ (၂၄)ရွာ၏ ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးလုပ်ငန်းများကို မိတ္ထီလာခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦစီးဌာန ရုံးဝန်အတွင်းတွင် ရုံးဖွင့်လှစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)