အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

နေပြည်တော် ၁၈ စက်တင်ဘာ 


နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျှက်ရှိသည်။


အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ်ပုံစံဖြင့် အမျိုးသား (၄၇၀၉) ဦး၊ အမျိုးသမီး(၁၁၄၅၁)ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း(၁၆၁၆၀)ဦးချုပ်ဆိုခဲ့သည်။ 


အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၁၉ခုနှစ် ဩဂုတ်လအတွင်း လက်ခံရရှိမှု(၈၀)မှုတွင် ကျေအေးမှု(၂၈)မှု၊ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု (၈)မှု ပိတ်သိမ်းမှု (၉)မှုနှင့် ငွေကြေးအကျိုးခံစားခွင့်(၃၅)မှုတို့ ဖြစ်ပြီးငွေကြေးအကျိုးခံစားခွင့်ရှိသူ (၉၉)ဦးအား ငွေကျပ်၃၂,၇၂၈,၇၁၈ကိုခံစားခွင့်ရရှိစေခဲ့သည်။ ကျွမ်းကျင်လုပ်သားများ  ရရှိစေရန် လေ့ကျင့်ပေးခြင်းနှင့် ကျွမ်းကျင်မှုအဆင့်အလိုက်ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်၍ အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခြင်းများအနေဖြင့် အောက်ပါ အတိုင်းဖြစ်ပါသည်-

 

1

 

1

 


အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များ ရရှိအောင်ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း၃၀ဝ၀ဝကျော်နှင့် အမေရိကန်ဒေါ်လာ ၄၂၂၂၃ ဒေါ်လာကို ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာရရှိစေရန် အတွက်မြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေး အရာရှိများကစက်ရုံ/ အလုပ်ရုံ (၃၀၈) ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာ သိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၂၁၄) ကြိမ် ဆောင်ရွက်ခဲ့သည်။


အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် (၆)မှုနှင့် ခုံသမာဓိ ကောင်စီတွင်(၃)မှုကိုဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ 


လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအားလူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၂၀ဝ၀ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၁၆၉ ဦးအတွက် ဆေးဖိုး ကုန်ကျငွေကျပ်သိန်း၁၂၀ဝကျော် ပြန်လည် ထုတ်ပေးခဲ့သည်။


အာမခံအလုပ်သမားများအား ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း အလုပ်သမား ဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

1


 (သတင်းစဉ်)