အကြိမ်(၃၀)မြောက်ဆီးဂိမ်းပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာအလေးမပြိုင်ပွဲများအတွက် လူရွေးပွဲကျင်းပမည်

ရန်ကုန် ၁၀ ဇွန် 

 


အိုလံပစ်နေ့အထိမ်းအမှတ် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ အလေးမပြိုင်ပွဲများအတွက် လက်ရွေးစင်အားကစားသမားများ ရွေးချယ်ပွဲကို ဇွန် ၂၆ ရက်တွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။   

 

အဆိုပါပြိုင်ပွဲတွင် အမျိုးသမီး ၄၅၊ ၄၉၊ ၅၅ ကီလိုတန်းစု   စုပေါင်း ၁၄၀ ကီလိုဖြင့် လည်းကောင်း၊ ၅၉၊ ၆၄၊ ၇၁ နှင့်အထက် ကီလိုတန်းများအတွက် စုစုပေါင်း ကီလို ၁၆၀  ဖြင့် လည်းကောင်း၊ အမျိုးသား၅၅၊ ၆၁၊ ၆၇ ကီလိုတန်းများအတွက် စုစုပေါင်း ၂၃၀ ကီလိုတန်းဖြင့် လည်းကောင်း ၇၃ နှင့် အထက် ကီလိုတန်းများအတွက် စုစုပေါင်း ၂၅၀ ကီလိုဖြင့်လည်းကောင်း စတင်ယှဉ်ပြိုင်နိုင်သူများ ဝင်ရောက်နိုင်ကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသော အားကစားသမားများသည် ဇွန် ၂၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ရုံး အီးမေးလ် [email protected] သို့ဖြစ်စေ စာရင်းပေးသွင်းနိုင်သည်။

 

ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း ဝ၉၉၇၂၃၉၉၉၈၈ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။ 

 

အာကာစိုး