အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ  ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း ယှဉ်ပြိုင်ကစားမှု တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ၆   ဒီဇင်ဘာ

 

ဖီလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

 

အဆိုပါ ပွဲစဉ်အား ယင်းနေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား MRTV၊ MRTV Sports Channel နှင့် မြန်မာအသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)