အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

၁၀  ဒီဇင်ဘာ

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ ပွဲစဉ်ကို မြန်မာဘောလုံးအသင်းနှင့် ကမ္ဘောဒီးယား ဘောလုံးအသင်းတို့သည် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အဆိုပါ ပွဲစဉ်အား ယင်းနေ့ မွန်းလွဲ ၂ နာရီမှစတင်၍ မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MRTV Sport Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။

သတင်းစဉ်