အခုလို ပါဝင်ခွင့်ရတဲ့အတွက် အလွန်ပျော်ပါတယ်

ရန်ကုန် ၁၃ မတ်

 

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ရွှေကြိုအစား အကူမောင်မယ်များအဖြစ် အနုပညာရှင်များ၏ ရင်သွေးများက ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့ဖြစ်ရာ ယခုနှစ်အတွက် ကူညီ ဆောင်ရွက်ပေးသွားကြမည့် အကယ်ဒမီ ခိုင်သင်းကြည်၏ သမီးဖြစ်သူ စံထိပ်ထားဦး၏ ရင်ခုန်စကားသံများကို မေးမြန်းခဲ့ရာ-

 

“အခုလို ပါဝင်ခွင့်ရတဲ့အတွက် အလွန်ပျော်ပါတယ်၊ တအားကြီး စိတ်လှုပ်ရှားတာမျိုးတော့ မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ထိပ်က ကျောင်းပွဲတွေမှာလည်း ပါဝင်ဖူးတယ်ဆိုတော့ သိပ်စိတ်မလှုပ်ရှားပါဘူး၊ ထိပ်နဲ့အတူ ကူညီကြမယ့်သူတွေကလည်း ရင်းနှီးပြီးသားသူတွေ၊ မောင်နှမတွေလိုပဲဆိုတော့ အလွန်ပျော်ပါတယ်၊ မေမေ့ကို အားပေးချစ်ခင်ကြသလို ထိပ်ကိုလည်း အားပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။ 

 

MDN