အခြေခံပညာရေးဆိုင်ရာ စကားဝိုင်း အထက(ဇီးကုန်း)တွင် ကျင်းပ

ဇီးကုန်း   ၆ စက်တင်ဘာ 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၏ အခြေခံပညာရေးဆိုင်ရာ စကားဝိုင်းကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထက (ဇီးကုန်း)ခန်းမဆောင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။ 

 

ဆွေးနွေးပွဲတွင်  ကလေးငယ်များ စာဖတ်သည့်အလေ့အထ ထိရောက်စွာ ပြုစုပျိုးထောင်နိုင်ရေးအတွက် လည်းကောင်း၊ ကျောင်းသားလူငယ်များ အစုအဖွဲ့လိုက်ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ကျယ်ပြန့်လာစေရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများကလည်း အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။

 

ထို့အပြင် စာပေ၊ ဂီတ၊ သိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်များဆိုင်ရာ အားသာချက်၊ အားနည်းချက်များကို တက်ရောက် လာသော ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တင့်ဆွေ(ဇီးကုန်း)