အကြွေးနွံထဲမှာ နစ်နေတဲ့ ကမ္ဘောဒီးယား အုတ်ဖုတ်လုပ်သားများ

ဖနွမ်းပင်  ၅ ဇန်နဝါရီ

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မြို့အစွန်မှာရှိတဲ့ အုတ်ဖုတ်ဖိုများမှာ ကျောင်းစာသင်နေရမယ့် အရွယ် ကလေးတွေ အလုပ်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ အဲဒီကလေးငယ်တွေထဲမှာ အသက် ၁၄ နှစ်အရွယ် ဘိုဖာ တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ သူဟာ သီတင်းပတ် တစ်ပတ်လုံး နားရက်မရှိ အုတ်ဖိုမှာ အလုပ်လုပ်နေရပါတယ်။ 

mdn

ရာသီဥတုအပြောင်းအလဲမှာ ကမ္ဘောဒီးယားလယ်ကွင်းက အသုံးမဝင်တော့သလို ဖြစ်သွားတဲ့အတွက် အကြွေးနွံထဲက လယ်သမားတွေဟာ  အုတ်ဖိုလုပ်သားတွေအဖြစ် ပြောင်းလဲသွားပါတယ်။ 

ဖနွမ်းပင်မှာ အဆောက်အအုံအသစ်တွေ အပြိုင်အဆိုင် တိုးတက်လာတာနဲ့အမျှ လယ်သမားတွေဟာ ရွှံ့အုတ်တွေ ဖုတ်တဲ့လုပ်ငန်းတွေမှာ အလုပ်အကိုင် အသစ်အဖြစ် ပြောင်းလဲလုပ်ကိုင်လာတာကို တွေ့ရပါတယ်။ 

“အသက် ၁၄ နှစ်ရွယ် ဘိုဖာတို့ မိသားစုမှာ အကြွေး အမေရိကန်ဒေါ်လာ ၄၀၀၀ ခန့် ပေးစရာရှိနေတဲ့ အတွက် ဘိုဖာ ကျောင်းဆက်မသွားတော့ပါဘူး။ မိသားစုကို ကူညီရမယ်။ သူတို့ အုတ်ခဲ တစ်သောင်း ပို့နိုင်ရင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၅၀ ရရှိပါတယ်။ နှစ်ချီပြီး အကြွေးဆပ်ဖို့ကြာမှာဖြစ်ပေမယ့် ဆပ်ရမှာပဲ“လို့ ဖိုဖာက AFP ကို ပြောပါတယ်။ 

mdn

ကမ္ဘောဒီးယား ဥပဒေအရ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်ကြားအရွယ် ကလေးတွေ အန္တရာယ်ရှိတဲ့ လုပ်ငန်းများမှာ အလုပ် လုပ်ခွင့်မရှိဘူး။ 
ဘိုဖာတို့မိသားစုပိုင် စပါးခင်းတွေဟာ လွန်ခဲ့သော နှစ်နှစ်က မိုးခေါင်တဲ့အတွက် သီးနှံစိုက်ပျိုးဖို့ ယူထားတဲ့အကြွေးတွေကို ပြန်ဆပ်နိုင်ရေးအတွက် အုတ်ဖိုတွေမှာ အလုပ်လုပ်ခဲ့ကြရပါတယ်။ 

လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဘိုဖာတို့မိသားစုလို လယ်သမားတွေဟာ ခေတ်သစ် ကျွန်တွေ ဖြစ်လာကြောင်း၊ အကြွေးတွေက ချည်နှောင်ထားတဲ့အတွက် မိသားစုလိုက် ခေတ်သစ်ကျေးကျွန်များ ဖြစ်လာတယ်လို့ ဆိုပါတယ်။ 

mdn

အသက် ၅၇ နှစ်အရွယ် ဆိုးဖ် က “အကြွေး အမေရိကန်ဒေါ်လာ ၂၅၀၀ ဆပ်ဖို့အတွက် အုတ်ဖိုမှာ အလုပ်ဝင်ရောက်ကိုင်နေရာ နှစ်ပေါင်း ၂၀ ရှိပေမယ့် အကြွေးက နှစ်ဆ ဖြစ်သွားကြောင်း၊ ကလေးတွေ မွေးဖွားထားတဲ့အတွက် ကလေးစရိတ်ရယ် ဆေးကုသစရိတ်တွေကြောင့် ဆပ်ရန်ကျန်ရှိသော အကြွေးတွေကို ကလေးတွေဆီချန်ခဲ့ရမယ်”လို့ ပြောပါတယ်။ 

mdn

အုတ်ဖုတ်မီးဖိုက မီးခိုများ၊ လက်အိတ် နှင့် မျက်နှာဖုံးမပါရှိတဲ့အတွက်ကြောင့် ကျန်းမာရေးမကောင်းကြောင်း၊  အသက်ရှူလမ်းကြောင်းနှင့် အသားအရေနှင့်ပတ်သက်သော ရောဂါ၊ ခေါင်းကိုက်ရောဂါနှင့် နှာခေါင်းသွေးထွက်သည့် ရောဂါများသည် အုတ်ဖိုလုပ်သားများအတွက် ဖြစ်နေကျရောဂါများဖြစ်နေသည်။

mdn

MDN
ကိုးကား- AFP

mdn