အက်ဒ်ရှီရန်ရဲ့ တေးအယ်လ်ဘမ်သစ်

အောက်တိုဘာ ၃၁

စတင်ထုတ်လွှင့် ကျော်ကြားတဲ့ ဗြိတိန်တေးသံရှင်တစ်ဦးဖြစ်သူ အက်ဒ်ရှီရန်က လတ်တလောမှာ သူ့ရဲ့တေး အယ်လ်ဘမ်သစ်ကို စတင်ထုတ်လွှင့်ခဲ့ပြီဖြစ်ပါတယ်။ အက်ဒ်ရှီရန်ဟာ လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး သီးခြားခွဲကာ နေထိုင်နေတဲ့ အချိန်အတွင်းမှာပင် သူ့ရဲ့ တေးအယ်လ်ဘမ်သစ်ကို ထုတ်လွှင့်ပေးခဲ့တာဖြစ်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ အက်ဒီရန်က သူ့ရဲ့ လေးခုမြောက် တစ်ကိုယ်တော်တေးအယ်လ်ဘမ် “=” ကို စတင်ထုတ်လွှင့်ပေးခဲ့တာပါ။ တေးအယ်လ်ဘမ်သစ် ထုတ်လွှင့်မှုနဲ့အတူ အက်ဒ်ရှီရန်က သူ့ရဲ့ တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲကိုလည်း ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အေးပြည့်