အိုင်ယာလန် အမျိုးသားခရစ်ကက်အသင်းက ဟင်းနရစ်မာလန်အား နည်းပြအဖြစ် ခန့်အပ်

အိုင်ယာလန် အမျိုးသားခရစ်ကက်အသင်းဟာ အသက် ၄၀ အရွယ်ရှိ တောင်အာဖရိကနိုင်ငံသား ဟင်းနရစ်မာလန်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ကနဦးအနေနဲ့ သုံးနှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဟင်းနရစ်မာလန်ဟာ နည်းပြဟောင်း ဂရေဟမ်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုးတာဝန်ယူကိုင်တွယ်ရမှာ ဖြစ်ပြီး ဂရေဟမ်ဖို့ဒ်ဟာ အိုင်ယာလန် အမျိုးသားခရစ်ကက် အသင်းနည်းပြအဖြစ် ၂၀၁၇ ခုနှစ်ကနေ လေးနှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟင်းနရစ်မာလန်ဟာ လက်ရှိမှာ အောက်ကလန်အမျိုးသား ခရစ်ကက်အသင်းနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး ယခင်က နယူးဇီလန်အမျိုးသားခရစ် ကက်အသင်းရဲ့ လက်ထောက်နည်းပြ အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဟင်းနရစ်မာလန်ဟာ အိုင်ယာလန်အမျိုးသားခရစ်ကက်အသင်းရဲ့ နည်းပြတာဝန်ကို ၂၀၂၂ခုနှစ် မတ်လမှာ စတင်တာဝန်ယူကိုင်တွယ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ငွေကြယ်