အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၈၉ ခု၌ ဖြစ်ပွားနေ

ဂျီနီဗာ ဒီဇင်ဘာ ၂၁

 

လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်အား ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၈၉ ခု၌ ဖြစ်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက် တွင်ပြောကြားသည်။ ။

 

ထို့ပြင် အဆိုပါဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်စွာခံစားနေရချိန်တွင် ၎င်းတို့ထိုးနှံထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးက ရောဂါ တိုက်ဖျက်ရေးအတွက် မည်မျှလုပ်ဆောင်နိုင်သည် ဆိုသည့်အချက်အပါအဝင် အခြားလိုအပ်သည့် ဆေးဘက်ဆိုင်ရာ အချက်အလက်အများအပြားကို ကျယ်ပြန့်စွာမသိရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

အဆိုပါ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်အား စိုးရိမ်ဖွယ်ကောင်းသည့် ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ခဲ့သည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ဗြိတိန်နှင့် တောင်အာဖရိကနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူများပြားလာသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များတွင် ဝန်ထုပ်ဝန်ပိုးများဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က သတိပေးခဲ့သည်။

 

ကိုးကား - စီဂျီတီအင်န်

ဘာသာပြန် - စိုးသူရ