အိုလံပစ်အားကစားပွဲတော်တွင် နေ့စဉ် စောင့်ကြပ်သူ တစ်သောင်းရှစ်ထောင်ခန့် ထားရှိမည်

တိုကျို ဇွန် ၂၅

 

တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအားကစားပွဲတော်စီစဉ်သူများအနေနှင့် ပွဲတော်ရက်အတွင်း‌ တစ်ရက်လျှင် စောင့်ကြပ်မည့်သူ တစ်သောင်းရှစ်ထောင်ခန့် ဖြန့်ကြက်ထားရှိမည်ဖြစ်သည်။

 

ထောင်ပေါင်းများစွာသော လုံခြုံရေးဝန်ထမ်းများသည် အိုလံပစ်ပွဲကျင်းပမည့် နေရာ ၄၃ နေရာနှင့် အနီးအနား ပတ်ဝန်းကျင်များကို ဒေသခံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လှည့်ကင်းဆောင်ရွက်မည် ဖြစ်သည်။

 

ပွဲတော်စီစဉ်သူများက လုံခြုံရေးအင်အားကို အများဆုံးအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် အားကစားပွဲများတွင် တစ်ဦးချင်းလုံခြုံရေးကို ပြည့်ပြည့်ဝဝပေးနိုင်ခဲ့သော်လည်း အခက်အခဲများ ရှိခဲ့ကြောင်း၊ ယခုပွဲတော်တွင် ပွဲကြည့်ပရိသတ် အရေအတွက်ကို အတိအကျ ပြောနိုင်သော်လည်း ပွဲကျင်းပမည့်နေရာတွင်ရှိမည့် တစ်ဦးချင်း အရေအတွက်ကို အပြီးသတ်ပြောဆို၍ မရသဖြင့် ပြောင်းလဲပြင်ဆင်ရန်မှာ အရေးကြီးကြောင်း ပြောခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်