အိုကီနာဝါကျွန်းအနီး အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း မေဆတ် ဝင်ရောက်မည်

၃၁ ဩဂုတ်

 

 

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းနှင့် ကာဂိုရှီမာစီရင်စုရှိ အမ်မီဒေသတွင် တနင်္လာနေ့ညနှင့် အင်္ဂါနေ့များတွင်  အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း မေဆတ် ချဉ်းကပ်ဝင်ရောက်မည်ဟု မျှော်လင့်ရသည်။

 

 

တိုင်ဖွန်း မုန်တိုင်းမှာ  အိုကီနာဝါကျွန်း တောင်ဘက်ရေပြင်မှ မြောက်ဘက်သို့ ရွေ့လျားနေကြောင်း မိုးလေဝသ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

တနင်္လာနေ့ညနှင့် နံနက်ပိုင်းအကြားတွင်း အိုကီနာဝါကျွန်းနှင့် အင်္ဂါနေ့တွင် အမ်မီဒေသတွင် ပြင်းထန်သည့် လေတိုက်နှုန်းကြောင့် အိမ်များပြိုကျမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

အမြင့်ဆုံး လေတိုက်နှုန်းမှာ မီယာကိုကျွန်းနှင့် အိုကီနာဝါကျွန်းတို့တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၄၄ မှ ၂၅၂ ကီလိုမီအထိ ရောက်ရှိနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

 

 

အမ်မီဒေသတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်းဖြင့် တိုက်ခတ်မည်ဟု မျှော်လင့်ရသည်။

 

 

ပင်လယ်ပြင်ဒေသများတွင်လည်း လေပြင်းတိုက်ခတ်မည်ဟု မျှော်လင့်ရသည်။

 

 

အိုကီနာဝါကျွန်း၏ ပတ်လည် ၁၃ မီတာ၊ အမ်မီကျွန်းတွင် ၁၁ မီတာနှင့် မီယာကိုကျွန်း ပတ်လည်တွင် ကိုးမီတာအထိ လှိုင်းများ မြှင့်တက်ဖွယ်ရှိသည်ဟု ဆိုသည်။

 

 

အိုကီနာဝါကျွန်းတွင် ရှစ်ဆယ် မီလီလီတာခန့်အထိ မိုးများ ရွာသွန်းနိုင်သည်ဟု ဆိုသည်။

 

 

အိုကီနာဝါနှင့် အမ်မီတို့တွင် မြင့်မားသော ဒီရေသည် တက်လာနိုင်ပြီး ကမ်းရိုးတန်း ဒေသများနှင့် မြစ်ဝများ အနီးတွင် ရေလွှမ်းခြင်းကို ဖြစ်စေနိုင်သည်ဟု ဆိုသည်။

 

 

ပြင်းထန်သော လေများ၊ လှိုင်းကြီးမှုများနှင့် နိမ့်ကျသော နေရာများတွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းများ၊ ဒီရေလှိုင်းများ မြှင့်တက်လာနိုင်သဖြင့် လူများအား သတိထားကြရန် မိုးလေဝသဌာန တာဝန်ရှိသူများက တိုက်တွန်းလျက်ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn