အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၄၁၃၄၁၇ ဦးအထိမြင့်တက်

၈ ဇန်နဝါရီ

 

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၁၈၁၃၉ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၀၄၁၃၄၁၇ ဦး အထိ မြင့်တက်လာသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၂၃၄ ဦး ရှိပြီး သေဆုံးသူဦးရေ စုစုပေါင်း ၁၅၀၅၇၀ ရှိသည်။

 

 

ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းသွားသူ ဦးရေ ၁၀၀၁၆၈၅၉ ရှိပြီး နိုင်ငံအတွင်း ရောဂါ ကူးစက်သူ ဦးရေ ၂၂၅၄၄၉ ဦး ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

အစိုးရက နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ အရှိန်မြှင့် လုပ်ဆောင်ခဲ့ရာ လူဦးရေ သန်း ၁၇၀ စစ်ဆေးလုပ်ဆောင်ပြီး ဖြစ်သည်။

 

 

ဇန်နဝါရီ ၇ ရက်က လူဦးရေ ၉၃၅၃၆၉ ဦးကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ယမန်နေ့ကအထိ လူပေါင်း ၁၇၉၃၃၆၃၆၄ ဦးကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း အိန္ဒိယ ဆေးဘက်ဆိုင်ရာ သုတေသန ကောင်စီ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားသည့် ဒေသများအနက် တစ်ခုဖြစ်သော ဒေလီမြို့တော်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကူးစက်မှုကျဆင်းသည်ကို တွေ့ရှိရသည်။

 

 

ဇန်နဝါရီ ၆ ရက်က မြို့တော်အတွင်း ကိုဗစ်-၁၉ ရေဂါထပ်မံကူးစက်ခံရသူ ၄၈၆ ဦး ရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၉ ဦး ရှိသည်။

 

 

မြို့တော်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၀၆၄၄ ဦး ရှိသည်ဟု ဒေလီကျန်းမာရေးဌာနက အတည်ပြုပြောကြားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို