အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၉၅၂၀ ဦး အထိမြင့်တက်

၁၅ ဇွန်

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း ထပ်မံသေဆုံးသူ ၃၂၅ ဦး ရှိပြီး ရောဂါကူးစက်ခံရမှု ၁၁၅၀၂ ရှိကြောင်း အိန္ဒိယဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်တွင် ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၉၅၂၀ ဦး ရှိပြီး ရောဂါကူးစက်ခံရသူပေါင်း ၃၃၂၄၂၄ ဦးထိ ရှိလာသည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသွားသူ ၁၆၉၇၉၈ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ပတ်သက်ပြီး အဝင်အထွက် ကန့်သတ်ပိတ်ပင်မှုကို ပယ်ဖျက်ရေး မဟာဗျူဟာ အစီအစဉ်ရေးဆွဲရန်  ပြည်နယ်အားလုံးမှ ဝန်ကြီးချုပ်များနှင့် ဇွန် ၁၆ နှင့် ၁၇ ရက်တို့တွင် ဗွီဒီယိုကွန်ဖရင့် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

333