အိန္ဒိယသမ္မတနိုင်ငံကိုယ်စားပြု မဏိပူရ်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းနှင့် ချစ်ကြည်ရေး ဘောလုံးပွဲယှဉ်ပြိုင်ကစားရန် အား/ကာသိပ္ပံ(မန္တလေး)အမျိုးသမီးအသင်း ထွက်ခွာ

မန္တလေး ၂၇ နိုဝင်ဘာ

အိန္ဒိယသမ္မတနိုင်ငံ မဏိပူရ်ပြည်နယ်အင်ဖာမြို့တွင် နိုဝင်ဘာ ၂၄ ရက်မှစတင်၍ နိုဝင်ဘာ ၃၀ ရက်အထိ ကျင်းပမည့် Sangail Festival 2019 ရိုးရာယဉ်ကျေးမှူပွဲတော်သို့ မြန်မာနိုင်ငံကိုယ်စားပြု အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) အမျိုးသမီးဘာလုံးအသင်းသည် နိုဝင်ဘာ ၃၀ ရက်တွင် ပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေးအဖြစ် အိန္ဒိယနိုင်ငံကိုယ်စားပြု မဏိပူရ်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းနှင့် အင်ဖာမြို့ရှိ ပြည်နယ်အားကစားကွင်းတွင် ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားရန် ယနေ့နံနက်ပိုင်းက မန္တလေးမြို့မှ တမူးမြို့ ထိုမှမဏိပူရ်ပြည်နယ် အင်ဖာမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားသည်။

အဆိုပါ မြန်မာနိုင်ငံကိုယ်စားပြုအားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) အမျိုးသမီးဘောလုံးအသင်းတွင် ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်သော နည်းပြချုပ် ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ နည်းပြဒေါ်မြမြခိုင်(အားကစားမှူး) လက်ထောက်နည်းပြများဖြစ်ကြသည့် ဒေါ်နူနူခိုင်ဝင်း(အားကစားမှူး)၊ ဒေါ်အိမွန်ကျော်(အားကစားမှူး)၊ ဒေါ်ထက်သူသူအေး(အားကစားမှူး)၊ ဆေးမှူးဒေါ်စန္ဒီကျော်နှင့် အမျိုးသမီးဘောလုံးသမား ၂၀ ဦးတို့ လိုက်ပါခဲ့ကြကြောင်း ချစ်ကြည်‌ရေးအားကစားအဖွဲ့အား တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား )