အိန္ဒိယနိုင်ငံတွင် ထူးဆန်းသည့် အဖျားရောဂါတစ်မျိုးကြောင့် လူ ၁၄၀ ကျော် ဆေးရုံတက်ရ

နယူးဒေလီ ၇  ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံတွင် အမျိုးအမည်မသိရသည့် အဖျားရောဂါ တစ်မျိုးကြောင့် လူ ၁၄၀ ကျော် ဆေးရုံသို့ တက်ရောက်ခဲ့ရပြီးနောက် အာဏာပိုင်များကအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသည့် အန်ဒရာ ပရာဒေ့ရ်ပြည်နယ် အီလူရူ မှ လူနာများမှာ မူးဝေအော့အန်ခြင်း၊ ရုတ်တရက်ဖျားနာ၍ တက်ခြင်းနှင့် သတိလစ်မေ့မြောခြင်း လက္ခဏာများ ခံစားခဲ့ရကြောင်း ဆရာဝန်များက ဒေသမီဒီယာသို့ ပြောပြခဲ့သည်။

 

အီလူရူ အစိုးရဆေးရုံမှ လူနာခုတင် အမြောက်အမြား အရေးပေါ်လိုအပ်ချက်ကြောင့် နေရာလွတ်များ ရရှအောင် စီစဉ်ခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို အကြီးအကျယ် ရင်ဆိုင်နေရချိန် အမျိုးအမည် မသိရသည့် အဆိုပါအဖျားရောဂါဖြစ်ပွားမှု ဝင်ရောက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆေးရုံသို့ တက်ရောက်ခဲ့ရသည့် လူနာများအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးမှုဆောင်ရွက်ခဲ့ပြီး လူနာများအားလုံးတွင် ကိုဗစ်-၁၉ ကူးစက်ထားခြင်းမရှိကြောင်း ဒေသမီဒီယာက ဖော်ပြသည်။

 

ဖျားနာသည့်လူနာများ အထူးသဖြင့် ကလေးများမှာ မျက်စိများပူစပ်လာပြီးနောက် စတင်အော့အန်ခဲ့ကြောင်း အီလူရူအစိုးရဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။ဆေးရုံသို့ ရောက်ရှိလာသည့် လူနာများအားလုံး ပြန်ကောင်းလာပြီး ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

 

အန်ဒရာပရာဒေ့ရှ် ကျန်းမာရေးဝန်ကြီး အလာကာလီ ကရစ်ရှနား ဆရီနီဗက်စ်က ဖျားနာခဲ့သည့် လူနာများ၏ သွေးနမူနာစစ်ဆေးမှုတွင် ကူးစက်ရောဂါဖြစ်ပွားမှုနှင့် ဆိုင်သည့် အထောက်အထားမျိုး တွေ့ရခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ မည်သည့် အဖျားရောဂါဖြစ်ကြောင်း ဓာတ်ခွဲစစ်ဆေးမှုဖြင့်သာ သိရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

အေပီ