အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၇၈၉၂ ဦး၊ သေဆုံးသူ ၈၇၂ ဦးအထိ မြင့်တက်

၂၇ ဧပြီ

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၉၇၅ ဦး၊ သေဆုံးသူ ၄၆ ဦးရှိပြီး ကူးစက်ခံရသူပေါင်း ၂၇၈၉၂ ဦး၊ သေဆုံးသူပေါင်း ၈၇၂ ဦး အထိ ရှိလာကြောင်း အိန္ဒိယဗဟိုအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်က ပြောကြားခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှ ပြန်လည်ကျန်းမာလာသူပေါင်း ၆၁၈၅ ဦး ရှိလာပြီး ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

ယနေ့သည် ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့သည့် နိုင်ငံတစ်ဝှမ်း အဝင်အထွက် ဆက်လက်ပိတ်ဆို့ထားမှု ၏ ၃၄ ရက်မြောက်နေ့ ဖြစ်သည်။

 

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဆက်သွယ်၍ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ခြင်းနှင့်ပတ်သက်ပြီး ဗွီဒီယို ဆွေးနွေးမှုဖြင့်  အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပိတ်ဆို့ကန့်သတ်မှုကာလ ကုန်ဆုံးမှုနှင့်ပတ်သက်ပြီးလည်း အလေးထားဆွေးနွေးသွားဖွယ်ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို