အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၈၇၈၆ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၁

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၈၇၈၆ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၀၄၁၁၆၃၄ ဦးအထိ မြင့်တက်လာသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၀၅ ဦး ရှိပြီး သေဆုံးသူဦးရေ ၃၉၉၄၅၉ အထိရှိလာသည်။

ရောဂါကူးစက်ခံရမှုကြောင့် သုံးရက်ဆက်တိုက် သေဆုံးသူဦးရေ ၁၀၀၀ အောက်လျော့နည်းခဲ့ပြီး ယနေ့တွင် တစ်ဖန် သေဆုံးသူဦးရေ ၁၀၀၀ ကျော် ရှိလာပြန်သည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူစုစုပေါင်း ၂၉၄၈၈၉၁၈ ဦး ရှိသည်။

လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၅၂၃၂၅၇ ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို