အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၈၁၆၄ ဦးရှိ

နယူးဒေလီ ဇူလိုင် ၁၉

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်၁၉ ရောဂါ ကူးစက်ခံရသူ ၃၈၁၆၄ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၁၁၄၄၂၂၉ ဦးရှိလာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များက ဖော်ပြထားသည်။

 

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၉၉ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၁၄၁၀၈ ဦးရှိလာကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၄၂၁၆၆၅ ဦးရှိကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၃၈၆၆၀ ရှိခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၃၀၃၀၈၄၅၆ ဦးရှိလာကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်