အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇ဝဝဝ ကျော် စံချိန်တင်တွေ့ရှိပြီး ၄ဝ၇ ဦးသေဆုံး

နယူးဒေလီ    ၂၇   ဇွန်

အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၂၉၆ ဦး စံချိန်တင်တွေ့ရှိခဲ့ရာ ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၉၀၄၀၁ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၄၀၇ ဦး ထပ်မံသေဆုံးခဲ့ပြီး အိန္ဒိယ၌ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၉၁ ဦး ရှိလာကြောင်း သိရသည်။

သို့သော် နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၂၈၅၆၃၆ ဦးသည် ရောဂါလုံးဝကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ရာ လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုခံယူနေသူ ၁၈၉၄၆၃ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

အိန္ဒိယအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ် ရန် ရောဂါစမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က တစ်ရက်အတွင်း ၂၁၅၄၄၆ ဦး၏ နမူနာ ကို စမ်းသပ်စစ်ဆေးခဲ့ခြင်းနှင့်အတူ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းတွင် ပြည်သူ ၇၇၇၆၂၂၈ ဦးတို့၏ နမူနာကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိစမ်းသပ်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၄၀၇ ဦးရှိသည့်အနက် သေဆုံးသူ ၁၉၂ ဦးသည် မဟာရာ့ရှ်ထရာပြည်နယ်မှဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ ပြည်နယ်နှင့် ဒေသများအနက် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်လာခဲ့သည်။

ထို့အတူ အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူပေါင်း ၁၅၃၉၁ ဦးရှိသည့်အနက် ၆၉၃၁ ဦးသည် မဟာရာ့ရှ်ထရာပြည်နယ်မှဖြစ်ပြီး ဒေလီဒေသတွင် ၂၄၂၉ ဦး၊ ဂူဂျာရတ်ပြည်နယ်တွင် ၁၇၅၃ ဦး၊ တမီးလ်နာဒူတွင် ၉၁၁ ဦး၊ ဥတာပရာဒေ့ရှ်တွင် ၆၁၁ ဦး၊ အနောက်ဘင်္ဂလား တွင် ၆၀၆ ဦး၊ မာဒီဟီယာ ပရာဒေ့ရှ်တွင် ၃၅၄၂ ဦးနှင့် ရာဂူစတန်တွင် ၃၇၉ ဦးနှင့် တယ်လန်ဂါနာတွင် ၂၃၀ တို့ သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား - ပီတီအိုင်၊ ဘာသာပြန် - ဂျေတီ