အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များအနက်မှ စစ်သည် နှစ်ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိ

နေပြည်တော် ၃ ဇူလိုင်

အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များ အနက်မှ စစ်သည် နှစ်ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း တပ်မ‌တော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီးဆုံး၍ ဇွန် ၂၆ ရက် တွင် တပ်မတော်လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့် ကြည့်ထားသည့် အရာရှိ၊ စစ်သည် ၄၈ ဦး အနက် စစ်သည် ၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု သတင်းအား ဇွန် ၂၇ နှင့် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။

အဆိုပါ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းလာခဲ့သည့် ကျန်ရှိသူ ၄၃ ဦးအား သီးခြား စောင့်ကြပ်ကြည့်ရှုခြင်း၊ လိုအပ်သည့် ရောဂါရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိစဉ် စစ်သည် ၂ ဦးသည် ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း ဖြစ်ပေါ်လာသဖြင့် ယနေ့တွင် ၎င်းတို့ ၂ ဦး၏ နှာခေါင်း တို့ဖတ်၊ အာခေါင် တို့ဖတ်တို့အားရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀ဝ၀)၌ Polymerase Chain Reation  (PCR)နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ အဆိုပါစစ်သည် ၂ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း။

ရောဂါပိုးတွေ့ရှိရသော စစ်သည်များအား တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူစေလျက် ရှိကြောင်းနှင့် ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း။   

COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စစ်သည်များနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ် တစ်စီးတည်း လိုက်ပါစီးနင်းခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာ ဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့် သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း   ဖော်ပြထားသည်။

သတင်းစဉ်