အိန္ဒိယနိုင်ငံ၌ မော်ဝါဒီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံး 

အိန္ဒိယနိုင်ငံအလယ်ပိုင်းတွင် ရဲတပ်ဖွဲ့မော်တော်ယာဉ်တစ်စင်းအား မြေမြုပ်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရဲ တပ်ဖွဲ့ဝင် ၁၅ဦးနှင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည်။ လက်ဝဲသောင်းကျန်းသူများက ဖောက်ခွဲရေးပစ္စည်းကို ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုမှာ မဟာရတ်ရှ်ထရာပြည်နယ်နှင့် ချတ်တစ်ဂါပြည်နယ်ကြား သစ်တောတစ်ခုအတွင်း ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ဖြစ်ပွားနေသော တိုက်ခိုက်မှုဖြစ်သည်။

 

mdn

 

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် မော်ဝါဒီသူပုန်များသည်  နိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အစိုးရကို တိုက်ခိုက်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 

 

အဆိုပါသူပုန်များသည် အစိုးရုံးများနှင့် ရဲတပ်ဖွဲ့ကို ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့ပြီး အစိုးရက ဆင်းရဲသော တောင်သူလယ်သမားများ မထိခိုက်စေဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ 

 

အဆိုပါ သောင်းကျန်းသူများသည် အနီးနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အစောပိုင်းနေ့က မော်တော်ယာဉ် ၃၀ခန့်ကို မီးရှို့ခဲ့သောကြောင့် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ခဲ့ရသည်။

ဧပြီလအတွင်းက သောင်းကျန်းသူများက ချတ်တစ်ဂါပြည်နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်သူများ တင်ဆောင်လာသည့် ကားကိုတိုက်ခိုက်ခဲ့ရာ  လူပေါင်း ၅ဦး  သေဆုံးခဲ့သည်။ 

 

အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ပြီးခဲ့သည့်လအတွင်း စတင်ခဲ့ပြီး မေလ ၁၅ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်