အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၄၆ ဦး ထပ်မံတွေ့ရှိ

အောက်တိုဘာ ၁၉

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၄၆ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်ပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရသူပေါင်း ၄၄၆၃၄၃၇၆ ဦးရှိလာသည်ဟု ထိုဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၅၉၆၈ ဦး ရှိသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ထိုရောဂါကူးစက်မှုနှင့်ဆက်စပ်ပြီး လူ ၁၀ ဦး သေဆုံးသွားခဲ့ပြီးနောက် သေဆုံးသူပေါင်း ၅၂၈၉၂၃ ဦး ရှိလာကြောင်း ထိုဝန်ကြီးဌာနကပြောကြားသည်။

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၀၇၉၄၈၅ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

နိုင်ငံတစ်ဝန်းတွင် ယနေ့မနက်ပိုင်းအထိ ကာကွယ်ဆေးအလုံးရေ ၂၁၉၄၁၄၃၅၂၅ လုံးအသုံးပြုပြီးဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို