အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၂၉ ဦး ထပ်မံတွေ့ရှိ

အောက်တိုဘာ ၆

 

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၂၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၄၄၆၀၄၄၆၃ ဦးအထိ ရှိလာသည်ဟု ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

 

ပြီးခဲ့သည့်နေ့က ကိုဗစ်ကူးစက်ခံရသူဦးရေ ၂၄၅၉ ဦးနှင့်နှိုင်းယှဉ်ပါက ကူးစက်မှုအရေအတွက် ပိုမိုမြင့်တက်လာကြောင်း သတင်းထုတ်ပြန်ထားသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၂၂၈၂ ဦး ရှိပြီး ထိုရောဂါကူးစက်မှုနှင့်ဆက်စပ်ပြီး ၁၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၅၂၈၇၄၅ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

အဆိုပါကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းလာသူပေါင်း ၄၄၀၄၃၄၃၆ ဦးရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို