အိန္ဒိယနိုင်ငံ၌ အဆောက်အအုံပြိုကျမှုကြောင့် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မတ် ၂၁

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြို့တော်ဒေလီတွင် ယနေ့မနက်စောပိုင်းက အဆောက်အအုံဟောင်းတစ်လုံးပြိုကျမှုကြောင့် နှစ်ဦးထက်မနည်းသေဆုံးပြီး အခြားတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါပြိုကျအဆောက်အအုံသည် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး မြို့တော်ဒေလီ၏ Welcome နယ်မြေတွင်ရှိသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။ ထိုအဆောက်အအုံပြိုကျမှုမှကယ်ဆယ်နိုင်ခဲ့သော အလုပ်သမားနှစ်ဦးသည် ဆေးရုံမှာပင်သေဆုံးသွားခဲ့ပြီး အခြားအလုပ်သမားတစ်ဦးသည် အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ယင်းအဆောက်အအုံပြိုကျချိန်က အဆောက်အအုံဟောင်းအတွင်းတွင် အိပ်ပျော်နေသူများဖြစ်ကြောင်းနှင့် အဆောက်အအုံပြိုကျမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို