အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ယဉ်မတော်တဆမှုကြောင့် ၁၄ ဦး သေဆုံး ၃၀ ဒဏ်ရာရ

၁၃ ဖေဖော်ဝါရီ

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း အတ်တာပရာဒေ့ရှ်ပြည်နယ်ရှိ လမ်းမပေါ်တွင် ယမန်နေ့ညက ယာဉ်မတော်တဆမှုကြောင့် ၁၄ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ‌ဒေသန္တရရဲတပ်ဖွဲ့က ယနေ့ နံနက်တွင် ရဲဌာနသို့ တင်ပြခဲ့သည်။ 

 

ပြည်နယ်အတွင်းရှိ အမြန်လမ်းမများပေါ်တွင် ရပ်ထားသည့် ထရပ်ကားတစ်စင်းနှင့် ခရီးသည်တင် ကားတစ်စီးတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

 

နောက်ထပ်အသေးစိတ်အချက်အလက်များကို စောင့်ဆိုင်းနေဆဲဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်