အိန္ဒိယနိုင်ငံမှာ ပိုးတွေ့ရှိသူ ၉ သန်းကျော် ရှိလာ

၂၀ နိုဝင်ဘာ

 

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၉ သန်းကျော်သွားကြောင်း ဒီနေ့ (သောကြာနေ့)မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

 

အိန္ဒိယနိုင်ငံဟာ ရောဂါပိုး တွေ့ရှိသူ ကမ္ဘာမှာ ဒုတိယအများဆုံး နိုင်ငံအဖြစ် အမေရိကန် နိုင်ငံ နောက်မှာ ရောက်နေပြီဖြစ်ပြီး မြို့တော်နယူးဒေလီရှိ ဆေးရုံတွေဟာ ပိုးတွေ့ရှိသူတွေ များလာတဲ့အတွက် ဖိအားတွေအောက်မှာ ရောက်နေကြောင်း သိရပါတယ်။

 

 

နေ့စဉ် ပိုးတွေ့နှုန်းဟာ ပြီးခဲ့တဲ့ လကထက် နည်းသွားပေမယ့် ယေဘူယျအားဖြင့် နေ့စဉ် ပိုးတွေ့သူ အရေအတွက်ဟာ ၄၅,၀၀၀ နီးပါး ရှိနေသေးကြောင်းနဲ့ သေဆုံးသူ အရေအတွက် စုစုပေါင်း ၁၃၂,၀၀၀ ကျော်ရှိကြောင်း တရားဝင် ထုတ်ပြန်စာရင်းအရ သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး စတင်ချိန် မတ်လကစပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန် ဆောင်ရွက်ခဲ့ပေမယ့် အလုပ်သမား သန်းချီပြီး အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့အတွက် နိုင်ငံရဲ့ စီးပွားရေး ပြန်လည် လည်ပတ်ရန်အတွက် ထိန်းချုပ် တားမြစ်မှုတွေကို တဖြည်းဖြည်းခြင်း ဖြေလျှော့ခဲ့ရပါတယ်။

 

 

လူဦးရေ သန်း ၂၀ နီးပါး နေထိုင်တဲ့ မြို့တော် နယူးဒေလီမှာ ကြာသပတေးနေ့က အရေးပေါ် အခန်းရဲ့ ခုတင် ၉၀ ရာခိုင်နှုန်းကျော်မှာ လူနာတွေနဲ့ ပြည်နေကြောင်း သိရပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၉၀၀,၃၆၅ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၁၃၂,၂၀၂ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

2