အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကုသရန် ကတ်ထူအိပ်ရာတွေ အသုံးပြုလာရ

နယူးဒေလီ  ၂၇  ဇွန်

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ အရေအတွက် များပြားလာတဲ့အတွက် ကုတင်အခက်ခဲကို ကျော်လွှားရန် ကတ်ထူစက္ကူတွေကိုအသုံးပြုပြီး အိပ်ရာပြုလုပ်လာတာကိုတွေ့ရပါတယ်။

ရေစိုခံပါရှိတဲ့ ကတ်ထူတွေကို အသုံးပြုထားတဲ့ ကုတင်ဟာ အလေးချိန် ပေါင် ၆၆၀ အထိ ခံနိုင်ရည်ရှိပြီး တန်ဖိုးနည်း အိပ်ရာတွေဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် အသွားအလာကန့်သတ်ထားစဉ် အိပ်ရာဒီဇိုင်းထုတ်ခဲ့တဲ့ ဗိုက်ရမ် ဒါဝမ် က ပြောပါတယ်။

ဒါဝမ်တို့ ညီအကို ထုတ်လုပ်လိုက်တဲ့ ကတ်ထူအိပ်ရာတွေဟာ လူတစ်ယောက်တည်းက  သယ်ယူရန် ဖြစ်နိုင်တဲ့ အလေးချိန်ဖြစ်ပြီး မိနစ်ပိုင်းအတွင်း အိပ်ရာတစ်ခုအဖြစ် ထုတ်နိုင်ကြောင်း သိရပါတယ်။

ယူးဒေလီမြို့အပြင်ရှိ ယာယီဆေးရုံအတွက် ကတ်ထူအိပ်ရာ ၁၀,၀၀၀ ပြင်ဆင်ထားကြောင်း မွမ်ဘိုင်းရှိဆေးရုံတွေမှာလည်း ဗိုင်းရပ်စ်ရောဂါပိုးကုသရန် အတွက် ကတ်ထူအိပ်ရာတွေကို အသုံးပြုထားကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်ပိုး ရဲ့ သက်တမ်းဟာ ကတ်ထူစက္ကူပေါ်မှာ ၂၄ နာရီသာ အသက်ရှင်နိုင်ပြီး သတ္တု၊ သစ်သားနဲ့ ပလတ်စတစ်မျက်နှာပြင်မှာ ဗိုင်းရပ်စ်ပိုးဟာ သုံးရက်ကနေ လေးရက်အထိ အသက်ရှင်နိုင်ပါတယ်။ ဒါကလည်း ကတ်ထူအသုံးပြုရခြင်းရဲ့ အားသာချက်လို့ ဆိုနိုင်ကြောင်း ဒါဝမ်က ပြောပါတယ်။

ဒါဝမ်ညီအကိုထုတ်လုပ်တဲ့ ကတ်ထူကုတင်ဟာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာသာ ရှိကြောင်း၊ အဲဒီငွေကြေးဟာ စားသောက်ဆိုင်မှာ စားတဲ့ ပမာဏသာဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးအလွန်ကာလမှာလည်း သူတို့ရဲ့ ထုတ်ကုန်ဟာ ဈေးကွက်မှာ တွေ့ရမှာဖြစ်ကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP

 

83348934_960220617740138_5837893661936742870_n

 

105336376_3360650447292321_2144438795590239485_n

 

6767

 

988