အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ အရှေ့မြောက်ဘက်တွင် အဆောက်အအုံတစ်လုံး ပြိုကျပြီး နှစ်ဦးသေဆုံး

နယူးဒေလီ၊ မတ် ၂၂

အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီ၏ အရှေ့မြောက်ဘက်တွင်မတ် ၂၁ ရက်အစောပိုင်းက အဆောက် အအုံ ဟောင်းတစ်လုံး ပြိုကျခဲ့သောကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့ကပြောသည်။

နှစ်ထပ်အဆောက်အအုံသည် ဒေလီ၏ဝဲလ်ကမ်းဒေသတွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ အဆောက်အအုံ ပြိုကျရာမှ ကယ်တင်ခဲ့သော အလုပ်သမား နှစ်ဦးသည် ဆေးရုံတွင် သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဒုတိယ ရဲမင်းကြီး ဂျွိုင်းတာကီ၏ ပြောကြားချက်ကိုကိုးကား၍ သတင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။

အဆောက်အအုံ ပြိုကျမှုနှင့် ပတ်သက်သည့် ဖုန်းခေါ်ဆိုမှုတစ်ခုကို ဒေသစံတော်ချိန် နံနက် ၂ နာရီ ၁၆ မိနစ်က လက်ခံရရှိခဲ့သည်။ အဆောက်အအုံ ပြိုကျချိန်တွင် သေဆုံးမည့်သူများမှာ အိပ်ပျော် လျက်ရှိကြောင်းနှင့် အဆောက်အအုံပြိုကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ထပ်မံ လုပ်ဆောင်လျက်ရှိသည်။

ဆင်ဟွာ