အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် နေအိမ်ပြိုကျမှုကြောင့် နှစ်ဉီးသေဆုံး

၂၆ ဩဂုတ်

 

 

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မာဒရာပရာဒေ့ရှ်ပြည်နယ်တွင် ယမန်နေ့ ညနေပိုင်းက နေအိမ်တစ်လုံး ပြိုကျမှုကြောင့် အမျိုးသမီး တစ်ဉီးနှင့် ၁၁ လအရွယ် ကလေးတစ်ဉီး သေဆုံးခဲ့ကြောင်း ရဲအရာရှိ တစ်ဉီးက ဆင်ဟွာသို့ ဖုန်းဖြင့် အတည်ပြု ပြောကြားခဲ့သည်။

 

 

မဟာပရာဒေ့ရှ်ပြည်နယ် ဒီဝပ်မြို့ရှိ နှစ်ထပ်အိမ် ပြိုကျခဲ့ခြင်းဖြစ်သည်။

 

 

အမျိုးသမီးငါးဉီး အပါအဝင် စုစုပေါင်း ၁၁ ဉီးအား ပြိုကျသည့် အပျက်အစီးများအောက်မှ ကယ်တင်နိုင်ခဲ့ကြောင်း  ဒီဝပ် ရဲဌာန၏ အကြီးအကဲဖြစ်သူ  ဒါရယ်ရှင်ဂါက ပြောကြားခဲ့သည်။

 

 

ယခုအပတ်အတွင်း အဆိုပါ အဖြစ်အပျက်သည် အိန္ဒိယနိုင်ငံတွင် ဒုတိယအကြိမ် အဆောက်အဉီ ပြိုကျခြင်း ဖြစ်သည်။

 

 

တနင်္လာနေ့ အတွင်းက အိန္ဒိယနိုင်ငံ အနောက်တောင်ဘက်ပြည်နယ် မာဟတ်ခရိုင်၌ အဆောက်အဉီ ပြိုကျပြီး ၁၁ ဉီး သေဆုံးခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်