အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ မုန်တိုင်းဒဏ်ကြောင့် ၁၄ ဦး သေဆုံး

နယူးဒေလီ   ဧပြီ  ၁၇ 

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း  အာသံပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး  လျှပ်စီးလျှပ်ခြင်းနှင့် မုန်တိုင်းကျရောက်မှုကြောင့် အနည်းဆုံး   ၁၄   ဦး  သေဆုံးကာ ဒဏ်ရာရရှိသူ  အများအပြားရှိကြောင်း     ဒေသအာဏာပိုင်များက   ဧပြီ   ၁၇  ရက်တွင်   ပြောကြားသည်။

အာသံပြည်နယ်၌    မိုးသည်းထန်စွာရွာသွန်း ပြီး လျှပ်စီးလျှပ်ခြင်းနှင့်   မုန်တိုင်းကျရောက်မှုကြောင့် ဧပြီ ၁၆ ရက်က ရှစ်ဦးသေဆုံးခဲ့ရာ  ဧပြီ  ၁၇ ရက် တွင်   ခြောက်ဦးထပ်မံသေဆုံးကြောင်း    အာသံ ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု      အာဏာပိုင် အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

အာသံပြည်နယ်၌   အဆိုပါမုန်တိုင်းကြောင့် အိမ်များပျက်စီးခြင်း၊      သစ်ပင်များလဲကျခြင်း၊ ဓာတ်တိုင်များနှင့် လျှပ်စစ်လိုင်းများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါမုန်တိုင်းသည်     လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း    လုပ်ဆောင်ရန်အတွက်   အတိုင်းအတာတစ်ခုအထိ  ကြီးမားစွာထိခိုက်ခဲ့ရ ကြောင်း သိရသည်။ ပြည်သူများမှာ သဘာဝဘေး ဖြစ်ပွားသည့် ဧရိယာများရှိ အစိုးရရုံးများနှင့် စာသင် ကျောင်းများအတွင်း ခိုလှုံနေထိုင်ရကြောင်း ဒေသတွင်း မီဒီယာများ၏ အစီရင်ခံဖော်ပြချက်အရ  သိရသည်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ မိုးသည်းထန် စွာ ရွာသွန်းပြီး   မိုးကြိုးမုန်တိုင်းများတိုက်ခတ် မှုမှာ  ကျေးရွာ  ၁၀၃၇ ရွာရှိ  စုစုပေါင်းပြည်သူ  ၄၁၃၅၀ အပေါ် သက်ရောက်မှုရှိကြောင်း   တရားဝင် အချက်အလက်များအရ သိရသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် နောက်ထပ် ငါးရက်အတွင်း မိုးရွာသွန်းမှုနှင့်အတူ မိုးကြိုးပစ်ခြင်း သို့မဟုတ် လျှပ်စီးလျှပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အိန္ဒိယနိုင်ငံ   မိုးလေဝသဌာနက     ကြေညာချက် ထုတ်ပြန်ထားသည်။                             

ဆင်ဟွာ