အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၀၆၁၉၉၃၂ ဦးရှိလာ

နယူးဒေလီ ဇူလိုင် ၆

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၄၇၀၃ ဦး ထပ်မံ တွေ့ရှိခဲ့ပြီးနောက် ယနေ့အထိ ဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၃၀၆၁၉၀၃၂ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့်နောက်ဆုံး အချက်အလက်များအရ သိရသည်။

 

သို့သော် လွန်ခဲ့သည့်တစ်ရက်တာအတွင်း တွေ့ရှိသည့် အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၄၇၀၃ ဦးသည် ရက်ပေါင်း ၁၁၁ ရက်အတွင်း အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အနိမ့်ဆုံးဖြစ်သည်။

 

ထို့အပြင် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၅၅၃ ဦးထပ်မံ သေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၄၀၃၂၈၁ ဦးရှိလာသည်။ လတ်တလော အချိန်၌ အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသောလူနာ ၃၄၇၀၃ ဦး ကျန်ရှိသေးကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောလူနာ ၅၁၈၆၄ ဦးတို့သည် ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက်  လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ကြသဖြင့် လက်ရှိအချိန်အထိ ထို ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၂၉၇၅၂၂၄၉ ဦး ရှိလာကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ