အိန္ဒိယ၌ ဆေးကုသမှုခံယူနေရသူ ကျဆင်းသည့်ပမာဏမှာ ၆၈ ရက်မြောက် ရောက်ရှိလာပြီဖြစ်

နယူးဒေလီ ဧပြီ ၃

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိသူ ၁၀၉၆ ဦး ထပ်မံတွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၃၀၂၈၁၃၁ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

 

ထို့ပြင် ဧပြီ ၂ ရက်က ထပ်မံ သေဆုံးသူ ၈၁ ဦးရှိသည့်အတွက် သေဆုံးသူ စုစုပေါင်း ၅၂၁၃၄၅ ဦး အထိ ရှိလာပြီဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် လက်ရှိဆေးကုသမှုခံယူ နေရသူ ၁၃၀၁၃ ဦးရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ၄၃၂ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် ဆေးကုသမှုခံယူနေရသူ ကျဆင်းလာသည့် ပမာဏမှာ ၆၈ ရက်မြောက် ရောက်ရှိလာပြီ ဖြစ်သည်။

 

လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ဆေးကုသမှုခံယူပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၄၂၄၉၃၇၇၃ ဦး ရှိလာပြီဖြစ်သည်။ အဆိုပါ ဆေးရုံ ဆင်းခွင့်ရရှိသူများအနက် ၁၄၄၇ ဦးမှာ လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းခွင့်ရရှိသူများ ဖြစ်သည်။        

 

ဆင်ဟွာ