အိန္ဒိယ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၄ ဦးရှိလာခြင်းကြောင့် ဝန်ကြီးချုပ် မိုဒီက ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကို ပြန်သုံးသပ်မည်

နယူးဒေလီ ဒီဇင်ဘာ ၂၃

 

အိန္ဒိယနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူစက်ခံရသူ ၂၁၄ ဦး ရှိလာခြင်းကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေ နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။

 

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ကိုဗစ်၁၉ ရောဂါ ကူးစက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်အတွက် ဒီဇင်ဘာ ၂၃ ရက်တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးချုပ်နှင့် နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသဆိုင်ရာမီဒီယာများက သတင်းဖော်ပြထားသည်။

 

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည့် အချက်အလက်များအရ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၄ ဦးအနက် မြို့တော်နယူးဒေလီမှ ၅၇ ဦးနှင့် မဟာရက်ရှ်ထရာမှ ၅၄ ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအပြင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများလည်း ရှိနေခြင်းကြောင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းနှင့် လူစုလူဝေးပြုလုပ်ခြင်းများကိုရှောင်ရှားရန် အိန္ဒိယအစိုးရက တိုက်တွန်းထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်