အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်း အဆင့်မြှင့်တင်မှု အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ကြည့်ရှု

ကလေးဝ  ၂၁  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် အိန္ဒိယနိုင်ငံ အစိုးရထောက်ပံ့ငွေ အမေရိကန်ဒေါ်လာသန်း ၁၈ဝ ဖြင့် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် Ms.Namgya Khampa က လာရောက်ကြည့်ရှု၍ မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာအနီးတွင် တွဲဖက်အတွင်းဝန်နှင့် အဖွဲ့က အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်း အဆင့်မြှင်တင်ခြင်းအထိမ်းအမှတ် နံသာဖြူသစ်ပင်များကို စိုက်ပျိုခဲ့သည်။

 

အဆိုပါ အိန္ဒိယ-မြန်မာချစ်ကြည်ရေး ယာကြီး-ကလေးဝလမ်းသည် ၇၅ မိုင် ၅ ဖာလုံခန့်ရှိပြီး မြေသားလမ်းပုခုံးပါ နိုင်လွန်ကတ္တရာ နှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ ၂၇ ရက်က စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေ ၂၇ ရက်နေ့တွင် စီမံကိန်းလုပ်ငန်း ပြီးစီးသွားမည်ဖြစ်ပြီး ယခုအခါ ၁၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်သည်။

 

ယင်းအိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အဝေး‌ပြေးလမ်းမကြီး ပြီးသွားပါကနှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုကောင်းမွန်လာပြီး ကုန်စည်စီးဆင်းမှုများ လျင်မြန်ချောမွေ့ကာ နယ်မြေဒေသများလည်း ပိုမိုဖွံဖြိုး တိုးတက်လာမည်ဖြစ်‌ကြောင်း သိရသည်။

 

သက်ဟန်(ကလေးဝ)

 

DSC00