အိန္ဒိယ ဂြိုဟ်တုတစ်စင်း အာကာသအတွင်း အဆက်အသွယ် ပြတ်တောက်

နယူးဒေလီ ၁ ဧပြီ

 

ကြာသပတေးနေ့က အိန္ဒိယတောင်ပိုင်း အန်ဒါပရာဒတ် ပြည်နယ်ကနေ ပစ်လွှတ်လိုက်တဲ့ GSAT-6A ဂြိုဟ်တု တစ်စင်းဟာ မြေပြင်အခြေစိုက် အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ (ISRO) နဲ့ အဆက်အသွယ် ပြတ်တောက်သွားကြောင်း အိန္ဒိယ အမျိုးသား အာကာသ အေဂျင်စီက အတည်ပြု ပြောကြားလိုက်ပါတယ်။

 

ဂြိုဟ်တု ပစ်လွှတ်ပြီးနောက် မူမမှန်တဲ့  တုံ့ပြန်မှုများရှိကြောင်း၊ စောင့်ကြည့်မှုတွေအရ ဂြိုဟ်တုဟာ ဒုတိယ ပတ်လမ်းထဲကို အောင်မြင်စွာ ရောက်ရှိပြီး ၅၃ မိနစ်ထိအောင် ပုံမှန်အခြေအနေမှာ ရှိကြောင်းနဲ့  တတိယ ပတ်လမ်းထဲကို ထပ်ဆင့်ပစ်လွှတ်ရန် စီစဉ်ထားတဲ့အတိုင်း လုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ် ဆက်သွယ်မှု ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရပါတယ်။

 
ပညာရှင်တွေဟာ မူမမှန်တဲ့ အချက်အလက်တွေ ပြန်ပြင်နိုင်ဖို့ အချိန်ပြည့် အားထုတ်ကာ ဂြိုဟ်တုနဲ့ အဆက်အသွယ် ပြန်ရဖို့ ကြိုးစားနေကြပြီး အလေးချိန် တန် ၂၀ဝဝရှိတဲ့ ဂြိုဟ်တုဟာ အိန္ဒိယ နိုင်ငံရဲ့ အကြီးမားဆုံး စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ဂြိုဟ်တုတွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

  
အချက်အလက်တွေ လွှဲပြောင်းရာမှာ အသံနှင့် ရုပ်သံ နည်းလမ်း နှစ်မျိုးဖြင့် လွှဲပြောင်းနိုင်ရန် ကြီးမားတဲ့ ဆက်သွယ်ရေး ဧရိယာကို တပ်ဆင်ထားပြီး မည်သည့်နိုင်ငံကမဆို လက်ကိုင်ဖုန်းအရွယ် ဆက်သွယ်ရေး ပစ္စည်းများမှ တစ်ဆင့် ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

 

 ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က အိန္ဒိယခရီးသွား ဂြိုဟ်တု IRNSS-1H ကို ပစ်လွှတ်စဉ် ကလည်း ပစ်လွှတ်ပြီး မကြာခင်မှာ ပျက်ကျခဲ့ကြောင်း သိရပါတယ်။

 

MDN