အိမ်မဲမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၃ ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ

အိမ်မဲ   ဇူလိုင်   ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၃ ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင် ၁၈ ရက် ထုတ်ပြန်ချက်အရသိရသည်။

 

 

 

ဆေးရုံဆင်းခွင့်ရရှိသော လူနာများမှာ အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာန ကိုဗစ်-၁၉ ယာယီဆေးရုံ (အိမ်မဲနှင့် ရွာသစ်) တို့တွင်  တက်ရောက်ကုသမှုခံယူခဲ့သော လူနာများဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် ရောဂါလက္ခဏာများ သက်သာပျောက်ကင်းပြီ ဖြစ်သဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိကြောင်း၊ နေအိမ်တွင် ၁၀ ရက် အသွားအလာ ကန့်သတ်နေထိုင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဆေးရုံများမှ လူနာတင်ယာဉ်များဖြင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေမှာ ဇွန် ၂၅ ရက်မှ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းအထိ စုစုပေါင်း ၁၈၅ ဦး၊ ဆေးရုံဆင်းလူနာ ၇၂ ဦး၊ လက်ရှိကုသမှုခံယူနေသူ ၁၀၉ ဦး၊ သေဆုံးလူနာ လေးဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ချစ်သက်လယ်(ပြန်/ဆက်)