အိမ်ကွင်းမှာ နိုင်ပွဲရယူပြီး အမှတ်ပေးဇယား အဆင့် (၃)နေရာ တက်ရောက်လာသည့် အာဆင်နယ်

၂ ဧပြီ 


ပရီမီယာလိဂ် ပွဲစဉ်(၃၁) ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် နယူးကာဆယ်အသင်းတို့ တနင်္လာနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ အာဆင်နယ်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ 


နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင် ကစားခဲ့သည့် အာဆင်နယ်အသင်းမှာ ပထမပိုင်း ပွဲချိန် ၃၀ မိနစ်တွင် ရမ်ဆေး၏ သွင်းဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။ ဒုတိယပိုင်းမှာ နယူးကာဆယ်အသင်း ချေပဂိုးပြန်လည်ရရှိဖို့ကြိုးစားခဲ့သော်လည်း အာဆင်နယ်အသင်းက ဂိုးမပေးရဖို့အတွက် ထိန်းချုပ်ကစားနိုင်ခဲ့ သလို  ပွဲချိန် ၈၃ မိနစ်တွင် လာကာဇက်က ဒုတိယဂိုးထပ်မံသွင်းယူကာ နိုင်ပွဲရယူနိုင်ခဲ့သည်။ 


အာဆင်နယ်အသင်းမှာ ယခုပွဲစဉ် အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယား၏ အဆင့် (၃)နေရာမှာ ရပ်တည်နိုင်ခဲ့သည်။ 


MDN