အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး အာဆင်နယ်အသင်း ယူရိုပါလိဂ် ကွာတားဖိုင်နယ်တက်ရောက်

၁၅ မတ်

 

ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်များကို သောကြာနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီ အာဆင်နယ်အသင်းနှင့် ရန်းစ်အသင်းတို့၏ ပွဲစဉ်တွင် အာဆင်နယ်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ 

 

ရန်းစ်အသင်းကို ပထမအကျော့တွင် ရှုံးပွဲကြုံတွေ့ထားသည့် အာဆင်နယ်အသင်းမှာ ယခုအိမ်ကွင်းပွဲစဉ်တွင် အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး ပထမပိုင်း ပွဲအစ ၅ မိနစ်တွင် အူဘာမီယန်းနှင့်  ပွဲချိန် ၁၅ မိနစ်တွင် မိန့်လန်းနိုင်းစ်၏ သွင်းဂိုးများဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။ 

 

ဒုတိယပိုင်းတွင် ရန်းစ်အသင်းအနေဖြင့် ချေပဂိုးပြန်လည်ရရှိဖို့အတွက် ကြိုးစားခဲ့သော်လည်း ပွဲချိန် ၇၂ မိနစ်တွင် အာဆင်နယ် အသင်းအတွက် တတိယသွင်းဂိုးကို အူဘာမီယန်းကပင် ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် အာဆင်နယ်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး သုံးဂိုးဖြင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။   

 

ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်ရလဒ်များ

 

ဒိုင်နမိုကိဗ် ဝ - ၅ ချယ်လ်ဆီး 

 

(နှစ်ကျော့ပေါင်း ဝ - ၈ ဂိုးဖြင့် ချယ်လ်ဆီးတက်)

 

ခရက်စ်နိုဒါ ၁ - ၁ ဗလင်စီယာ

 

(နှစ်ကျော့ပေါင်း ၃ - ၂ ဂိုးဖြင့် ဗလင်စီယာတက်)

 

ဆာလ်ဇ်ဘာ့ဂ် ၃ - ၁ နာပိုလီ

 

(နှစ်ကျော့ပေါင်း ၄ - ၃ ဂိုးဖြင့် နာပိုလီတက်)

 

အင်တာမီလန် ဝ - ၁ ဖရန့်ဖတ်

 

(နှစ်ကျော့ပေါင်း ၁ - ဝ ဂိုးဖြင့် ဖရန့်ဖတ်တက်)

 

ဗီလာရီးယဲလ် ၂ - ၁ ဇင်းနစ်

 

(နှစ်ကျော့ပေါင်း ၅ - ၂ ဂိုးဖြင့် ဗီလာရီးယဲလ်တက်)

 

ဘင်ဖီကာ ၁ - ဝ ဒိုင်နမိုဇာဂရက်

 

(နှစ်ကျော့ပေါင်း ၁-၁ ဂိုး၊ အချိန်ပိုတွင် ၂-၁ ဂိုးဖြင့် ဘင်ဖီကာအနိုင်ရ)

 

ဆလားဗီးယားပရပ်ဂ် ၂ - ၂ ဆီဗီလာ

 

(နှစ်ကျော့ပေါင်း ၄ - ၄ ဂိုး၊ အချိန်ပိုတွင် ၂-၁ ဂိုးဖြင့် ဆလားဗီးယားအနိုင်ရ)

 

MDN