အီတလီနိုင်ငံတွင် စက်တင်ဘာလမှာ ကျောင်းတွေပြန်ဖွင့်မယ်လို့ ဝန်ကြီးချုပ်ပြော

၂၇ ဧပြီ

 

အီတလီဝန်ကြီးချုပ် ကွန်တေးက စီပွားရေးလုပ်ငန်းတွေ လာမယ့်သီတင်းပတ်အတွင်းမှာ ပြန်လည်စတင်မှာ ဖြစ်ပေမယ့် ကျောင်းတွေကိုတော့ စက်တင်ဘာလမှ ပြန်ဖွင့်မယ်လို့ တနင်္ဂနွေနေ့က ပြောကြားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် တစ်နိုင်ငံလုံးရှိ အလုပ်အားလုံးနီးပါးကို ပိတ်ထားခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ကွန်ကေးက  ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ရန် ကမ္ဘာမှာ အကြာဆုံး အသွားအလာပိတ်ဆို့ထားမှုကို ဘယ်လိုဖြေလျှော့မယ်။ တားမြစ်ချက်တွေကို နောက်လမှစပြီး တဖြည်းဖြည်း ရုပ်သိမ်းသွားမယ်လို့ La Repubblica နေ့စဉ်သတင်းစာကို ပြောကြားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင်း အီတလီနို်ငငံမှာ ၂၆,၆၄၄ ဦးသေဆုံး ရာအမေရိကန်နိုင်ငံပြီးရင်  ဒုတိယမြောက် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်က မေလ ၄ ရက်နေ့မှ စပြီး ကုမ္ပဏီအကြီးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်မှာ ဖြစ်ပေမယ့် ကျောင်းတွေကိုတော့ စက်တင်ဘာလမှ ပြန်ဖွင့်မယ်၊ ဆရာဆရာမ အများစုဟာ အသက်ကြီး တဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံရနှုန်းများတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

 

အီတလီနို်ငငံမှာ အိမ်မှာပဲနေထိုင်ရန် အမိန့်ကို မတ်လက ၉ ရက်နေ့စတင်ခဲ့တာဖြစ်ပြီး အဲဒီတားမြစ်ချက်မှာ အိမ်ရှေ့တံခါးပိတ်ပြီး လူတိုင်း တစ်ပြပတ်လည်အတွင်းသာနေထိုင်ရန်ဖြစ်ပါတယ်။

 

အိမ်ခေါင်မိုးတွေဟာ ကစားကွင်းတွေအဖြစ် ပြောင်းလဲသွားပါတယ်။ အီတလီနိုင်ငံသား အများစုက ဘယ်တော့ သူတို့လွတ်လွတ်လပ်လပ် သွားလာခွင့်ရမလဲဆိုတာက အရေးကြီးတဲ့အ ချက်ဖြစ်နေပါတယ်။

 

ဝန်ကြီးချုပ်က အရင်လိုပုံစံမျိုး အကုန်ပြန်မရသေးဘူး။ ဒါပေမယ့် တားမြစ်မှုတွေကြားကနေ စိတ်အပန်းပြေအောင် လုပ်ဆောင်နိုင်တယ်လို့ပြောပါတယ်။

 

MDN
ကိုးကား - AFP