အီတလီ ပြည်ထဲရေးဝန်ကြီး ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရ

၈ ဒီဇင်ဘာ

 

 

အီတလီ ပြည်ထဲရေးဝန်ကြီး လူစီယာနာ လမ်မိုဂန်နီစ် မှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရကြောင်း အစိုးရအဖွဲ့က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

ဝန်ကြီး လမ်မိုဂန်နီစ်ဟာ တနင်္လာနေ့ နံနက်ပိုင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးခံယူပြီး နေ့လယ်ပိုင်းမှာ ကျင်းပတဲ့ အစိုးရအဖွဲ့ဝင် အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

 

အစည်းဝေးခန်းမတွင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တရားရေးဝန်ကြီးတို့က သူမရဲ့ ဘေးမှာ ထိုင်ခဲ့ကြတဲ့အတွက် အဲဒီဝန်ကြီးနှစ်ယောက်လည်း သီးသန့် နေထိုင်နေကြကြောင်း၊ အစည်းဝေး ခန်းမမှာ ရှိနေသူတိုင်း မျက်နှာဖုံး ဝတ်ဆင်ထားပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာထိုင်ခဲ့ကြောင်း အစိုးရ ကြေညာ ချက်မှာ ပါရှိပါတယ်။

 

 

လမ်မိုဂန်နီစ်ဟာ အီတလီအစိုးရအဖွဲ့မှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရတဲ့ ဒုတိယမြောက် ဝန်ကြီး ဖြစ်ပါတယ်။ အောက်တိုဘာလက ဒေသဆိုင်ရာ ဆက်ဆံရေးဝန်ကြီးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိပေမယ့်  ပြန်လည် ကျန်းမာလာပြီလို့ ဆိုပါတယ်။

 

 

အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၃,၇၂၀ နဲ့ သေဆုံးသူ ၅၂၈ ရှိကြောင်း ထုတ်ပြန်ရာ စုစုပေါင်း ရောဂါပိုးတွေ့ရှိသူ ၁,၇,၄၂,၅၅၇ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၆၀,၆၀၆ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP