အီသီယိုးပီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၉၉၂ ဦးထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၂၃

 

အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၂၉၉၂ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၃၈၂၃၇၁ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၆၈၈၀ ရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၅၁၃၀၄ ဦး ရှိသည်။

 

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် လူဦးရေဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အရှေ့အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါကူးစက်သူဦးရေယနေ့အထိ အများဆုံး ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၁၀၆၉၃၂၇၂ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို